နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

နေပြည်တော် ၂၀၁၇ ဇွန် ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၁း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဦးစီးဌာနရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

standard

ထိန်ညိုတောင်ကိုကျော်၍ နာဂသွေးချင်းများရှိရာဆီသို့

လဟယ်ဆိုသည့်အသံကြားလိုက်သည်နှင့် တော်တော်များများက တွန့်သွားတတ်ကြသည်။ သွားလေရော့ လဟယ်ဆိုသည့် စကားစုနှင့်တွဲဖက် ၍ ဝိသေသပြုလိုက်သောအခါ လဟယ်ဆိုသည် မှာ အလွန်ဝေးလံသော၊ အလွန်ခေါင်ဖျားသော၊ အလွန်သွားလာရခက်ခဲသော နေရာဒေသတစ်ခု အဖြစ် မြင်သွားတတ်ကြသည်။ တွေးထင်သွားတတ် ကြသည်။ စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားတတ် ကြသည်။ သောကတွေ ဝေသွားတတ်ကြသည်။ သို့သော်...

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် ၁၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel  သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

၀မ်တောင်း - နမ့်မုတ်သွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ်တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန်လ ၁၂ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ၀မ်တောင်း-နမ့်မုတ်ရွာသွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ် တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ တံတားသစ် မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

အလှူငွေပေးအပ်လှူဒါန်းခြင်း

     ဇွန်၇ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး(Y-8) လေယာဉ်၌ပါရှိသွားသည့်စစ်သည် မိသားစုများနှင့်လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေများကိုကာကွယ်ရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့က ထောက်ပံ့ငွေများလာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

standard

ကဘော်ချိုင့်ဝှမ်းဒေသဆီသို့ သမင်လည်ပြန်

မြင့်စိုး (နတလ) ပြီးခဲ့သည့် မေ ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့ပေါ်(၄)ရပ်ကွက် ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းအခမ်း အနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ ပြည်နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုထွေးတို့က ရေပေးဝေရေးလုပ်ငန်း စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရေစတင် ပေးဝေရန် ရေဘားကိုဖွင့်လှစ်ပေးခ

standard