မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၂၆
    မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ ဒုတိယအကြိမ် အိန္ဒိယအထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၉၄၈၅) သန်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အိန္ဒိယသမ္မတ နိုင်ငံကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ   ၂   
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသည့် ကျောင်းသား(၁၈၃)ဦးတို့၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

standard

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ   ၃၀   
    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသည့် ကျောင်းသား (၂၁၃) ဦးတို့၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကိုကျင်းပသည်။

standard