နေပြည်တော်မှာ တစ်ထောက်နားလို့ အင်းလေးကိုတဲ့ သွားကြမယ်
သည်ချိန်၊ သည်ခါ၊ သည်ကာလရောက်ပြီဆိုမှဖြင့် ကျွန်တော်တို့ရုံးရှေ့မှာ အလွန် လှပသော၊ အရောင်အသွေးစုံသော၊ မွှေးရနံ့တို့ သင်းထုံပျံ့လွင့်နေသော ပန်းခင်းကြီး တစ်ခင်းက ပေါ်ပေါက်လာစမြဲဖြစ်သည်။ မွှေးရနံ့ဟု ဆိုရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စုံစုံညီညီရောက်ရှိလာသော စံပယ်လို တစ်မျိုး၊ နှင်းဆီလို တစ်ဖုံ၊ ခတ္တာလို တစ်သွယ်၊ ပန်းသော်ကနှယ်သို့၊ စိမ်းတချို့ ၊ ဝါတစ်လီ၊ နီတစ်ထွေဖြင့် လှချင်တိုင်းလှနေကြသော ပြည်ထောင်စုပန်းခင်းကြီးထဲမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုစိတ်ဓာတ် ပန်းရနံ့များဖြစ်သည်။