ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား Global Commission on Drug Policy (GCDP) ဥက္ကဌ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း လာရောက်တွေ့ဆုံ
နေပြည်တော် ဧပြီလ ၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌ၊ ဆွစ်ဇာလန် နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss သည် ယနေ့နံနက်(၁၁) နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ
နေပြည်တော် ဧပြီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဧပြီလ ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
နိုင်ငံခြားရေး၊ နယ်စပ်ရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲကျင်းပ
နေပြည်တော် ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ လာရောက်တွေ့ဆုံ
နေပြည်တော်၊ မတ်လ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ Mr. Mark Cutts သည် ယနေ့နေ့လည် (၃) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ
နေပြည်တော်၊ မတ်လ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မတ်လ ၂၃ရက်
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။