ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ ဆဌမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ
နေပြည်တော်ဇွန် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ "ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း"အား ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ (၅) နှစ် စီမံကိန်းဖြင့် ကျောက်မဲ၊ မူဆယ်၊ လောက်ကိုင်၊ လားရှိုးခရိုင်များ၌ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ အဆိုပါ စီမံကိန်း၏ ဆဌမအကြိမ်စီမံကိန်းပူးတွဲညှိနှိုင်းရေး ကော်မတီ အစည်းအဝေးအား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကျင်းပ
နေပြည်တော် မေ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် မွန်ပြည်နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ရေး၊ ကျိုက်မရောမြို့နယ်များ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။