နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝေ GERT မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေနှင့် တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၃
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝေအား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ်ရေးအဖွဲ့(GERT) မှ ဌာနေ ကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေသည် ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဌာနေကိုယ်စားလှယ်    Mr. Domenico Scalpelli သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် WFP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

 

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးအပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်၊ မောင်တောမြို့ (မြောက်ပိုင်း) ရှိ နှစ်ဖက် လူ့အဖွဲ့အစည်း မိသားစုများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နေ့လည် (၁) နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

standard