မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကြီးမှူးကျင်းပသည့် မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် (၈) နာရီခွဲ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့သည်။