အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေလ ၃၀ရက်

          အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး အား ယနေ့နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

standard

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ဗဟုံး-ကျေးကတော့ကျောက်ချောလမ်းဖွင့်

နေပြည်တော်၊ မေလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဗဟုံး-ကျေးကတော့ ကျောက်ချောလမ်း (၅/၀) မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် လာရောက်တွေ့ဆုံ

နေပြည်တော်၊ မေလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Miroslav Jenca သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ မေလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long သည် ယနေ့နံနက် (၁၀) နာရီအချိန် တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂမှ Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ မေလ ၁၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂမှ Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides နှင့်အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard