ရုံးတွင်းအရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် သြဂုတ် ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းအဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးတွင်း အရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။