နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်း
နေပြည်တော်၊ ဇွန်လ ၁၃ ရက်
နိုင်ငံတော်အစိုးရမှ ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်များကို အချိန်တိုတိုအတွင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရက် (၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ပေးနေသကဲ့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်းအား နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူလူထု၏ တင်ပြချက်များအပေါ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ အမှန်တကယ် လိုအပ်ချက်ရှိသည့် နေရာများကို လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ပြီးစီးတိုးတက်မှုနှင့် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို-ခေါင်လန်ဖူး လမ်း/တံတားများ ဖောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန်လ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ပြီးစီးတိုးတက်မှုနှင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို-ခေါင်လန်ဖူး လမ်း/တံတားများ ဖေါက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
နေပြည်တော်၊ မေ လ ၃၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃၀-၅-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ
၂၀၁၆ ခုနှစ်၊ မေလ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂)ကို သင်တန်းသူ (၁၀၁)ဦးဖြင့် (၃၀.၅.၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(ဝ၈:ဝဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ မေလ ၂၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား အား ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။