နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အဆင့်မြင့်အရာထမ်းများ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့် အရာထမ်းများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၅၁) ရပ်ကွက်ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်း၌ ကျင်းပရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
တိုင်းရင်းသားအချင်းချင်း ကူးလူးဆက်ဆံသွားလာခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲတည်ကြည်
တိုင်းရင်းသား သွေးချင်းများနှင့်ပတ်သက်၍ ဆရာသမားများထံမှ ကြားဖူးနားဝမှတ်သားခဲ့ရသည့် ဗဟုသုတများ၊ နှစ်အတန်ကြာဆောင်ရွက်ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများ ပေါ်မူတည်ကာ အကြောင်းအရာတချို့ကို တင်ပြလိုပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် Mr.Haoliang Xu အား လက်ခံတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာလ ၁ ရက်
ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် Mr.Haoliang Xu အား နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့နေ့လည် (၁)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအကြီးအကဲ Mr. Ichiro MARUYAMA လာရောက်တွေ့ဆုံ
အောက်တိုဘာ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးမှဒုတိယအကြီးအကဲ Mr. Ichiro MARUYAMA သည်ယနေ့ နေ့လည်(၂) နာရီ အချိန်တွင် ဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ
နေပြည်တော် အောက်တိုဘာလ ၂၅ ရက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့နေ့လည် (၁၂)နာရီခွဲအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။