နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
နေပြည်တော် မေလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်မြေခံ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၁၈-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။