နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မေလ  ၄  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ  ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း၊ နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်း လမ်းညွှန်မှာကြားချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ်ဒေသနေ တိုင်းရင်းသား ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ မြှင့်တင်ရေး၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နယ်စပ်ဒေသ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား မိရိုးဖလာမှ ခေတ်မီစနစ်သို့ ကူးပြောင်းနိုင်ရေး၊ နိုင်ငံတော်အစိုးရ၏ ပထမရက် ၁၀၀ ကာလအတွင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ချိန်တွင် အချိန်မီပြီးစီးအောင် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရေး၊ မိမိတို့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိကျစွာကျင့်ကြံနေထိုင်ကာ အဂတိကင်းရှင်းစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ကျရာအခန်းကဏ္ဍ အသီးသီးမှ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် အစဉ်အလာ ကောင်းမွန်ပြီးဖြစ်သည့် ဝန်ကြီးဌာနပုံရိပ်ကို ဆက်လက်ထိန်းသိမ်း‌ ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပြည်သူအတွက် ပထမ ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပါဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက  ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒီဂရီကောလိပ်များနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload