နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ၌ သင်တန်းဖွင့်ပွဲများကျင်းပ

နေပြည်တော်   မေ ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ၊ လပွတ္တာ၊ အောင်ပန်း) တို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း နှင့်လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲများအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်း ကျောင်းများ၌ ကျင်းပ ဆောင်ရွက်ခဲ့ရာ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကလည်းကောင်း၊ ဘားအံ မြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးကလည်းကောင်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးကလည်းကောင်း အသီးသီး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။
    အဆိုပါ သင်တန်းကျောင်း ၃ ကျောင်း၌ ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများတွင် သင်တန်းသား စုစုပေါင်း ၁၂၅ ဦးဖြင့် သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်ကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်သည်။
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများတွင် သင်တန်းသား စုစုပေါင်း ၆၄၇၇ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph