နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပေါင်ဇလန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖလမ်းမြို့ဒေသခံ မြို့မိမြို့ဖများ၊ ယာယီနေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များက ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက် လာသည့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြား (၁၂၀၀)ချပ်နှင့် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၃၀၀၀)စုံတို့ကို ထောက်ပံ့ပေးအပ်ကြရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက လက်ခံရယူကြသည်။ ထို့နောက် မြို့မိ၊မြို့ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ပြီး ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းဆွေးဆွေးခဲ့ကြကြောင်းသိရှိရပါသည်။
ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း
Post Paragraph
Paragraph Images
video-upload