နေပြည်တော် မေလ ၁၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E Mr. Nicholas Coppel သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းစဉ် နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရေး၊ ရန်ပုံငွေထောက်ပံ့ရေး၊ နေရပ်စွန့်ခွာနေထိုင်ရသည့် တိုင်းရင်းသားများနှင့် နှစ်ဖက်လူ့အဖွဲ့အစည်း များအား ပြန်လည်နေရာချထားရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ အဆိုပါ ပြည်လည်နေရာ ချထားရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ ပါဝင်ပံ့ပိုးကူညီရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။