ရှမ်းပြည်နယ်(မြောက်ပိုင်း) တန်.ယန်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားလူငယ်မောင်မယ်များ အသိပညာရရှိစေရန် အောက်တိုဘာ ၅ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က လူကုန်ကူးမှုတားဆီးရေးနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး အေးဇော်လတ်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဟောပြောစဉ်။