January 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက် အဦ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

standard