May 2016

နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေ လှူဒါန်းမှုပြုလုပ်

နေပြည်တော်၊ မေလ ၁၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ဂါလန် (၂၀၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းလျက်ရှိရာ မေ (၉) ရက်တွင် ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းကျေးရွာနှင့် ပုပ္ပသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာတို့သို့ ရေဂါလန် (၂၀၀၀) စီ၊ မေ (၁၁) ရက်တွင် ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာသို့ ရေဂါလန် (၂၀၀၀) နှင့် တောင်သာကျေးရွာသို့ ရေဂါလန် (၆၀၀၀)၊ စုစုပေါင်း ရေဂါလန် (၁၂၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး လာရောက်တွေ့ဆုံ နေပြည်တော် မေလ ၁၁ ရက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E Mr. Nich

နေပြည်တော် မေလ ၁၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E Mr. Nicholas Coppel သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann လာရောက်တွေ့

နေပြည်တော်၊ ၂၀၁၆ မေ ၆
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann သည် ယနေ့နံနက် (၁၀)နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard