October 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri သည် မွန်းလွဲ (၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံ ခဲ့ပါသည်။

standard

ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲ

ရန်ကုန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) ကို သင်တန်းသူ (၁၀၀) ဦးဖြင့် (၂၄-၁၀-၂၀၁၆)ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

standard