နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် မေ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသားတိုင်းရင်းသား လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
standard