နယ်စပ်ရေးရာဝန်ကြီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာသာမဏေများအတွက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။