October 2023
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ ဆက်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တက်ရောက်ဖွင့်လှစ်
အောက်တိုဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ ဆက်ခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဗန်းမော်မြို့တွင်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းအပွဲအခမ်းအနားကျင်းပ
ဗန်းမော်၊ အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဗန်းမော်)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။