ရန်ကုန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း အမှတ်စဉ် (၂၈) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁၃-၂-၂၀၁၇) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ဘဏ္ဍာရေးစည်းမျဉ်းအထူး သင်တန်းအမှတ်စဉ် (၂၈)နှင့် ပစ္စည်းထိန်းသင်တန်း အမှတ်စဉ်(၅) သင်တန်းများမှ သင်တန်းသား(၈၆)ဦး၊ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၇)မှ သင်တန်းသူ(၁၀၀)ဦး၊ ဧည့်သည်တော် များနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းအင်အား ပေါင်း(၇၄)ဦး၊ စုစုပေါင်း(၂၆၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ မှာ (၁၃-၂-၂၀၁၇) ရက်နေ့မှ (၂၄- ၃-၂၀၁၇) ရက်နေ့ထိ ကြာမြင့်မည် ဖြစ်ပါသည်။