နေပြည်တော် စက်တင်ဘာလ ၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဥက္ကဋ္ဌ/ဝန်ကြီး H.E.Mr. Do Van Chien ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အတူ (၂၉.၈.၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ သွားရောက်လေ့လာခဲ့ပြီး အမှတ်တရ ကံ့ကော်သစ်ပင် စိုက်ပျိုးပေး ခဲ့ကြသည်။
ဆက်လက်၍ ဗီယက်နမ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၃၀.၈.၂၀၁၇) ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ညနေပိုင်းတွင် ဗီယက်နမ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လေကြောင်း ခရီးဖြင့် ဗီယက်နမ် နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိသည်။