ကျိုင်းတုံ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နားကော်ကျေးရွာ၊ အမက(ခွဲ)၊ နားပေါ်ကျေးရွာ အမကနှင့် နောင်တောင်းကျေးရွာ အမကတို့မှ ကျောင်းဆောင်သစ်သုံးဆောင်နှင့် သင်ထောက်ကူ ပစ္စည်းများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း စေတနာအဖွဲ့ (NGO) မှ Project Director ဒေါ်အေးအေးသန်းတို့က အမှာစကား ပြောကြားပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းဆောင်သစ် နှင့်ပတ်သတ်သော စာရွက်စာတမ်းများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ် ပညာရေးမှူး ဒေါ်ထွေးခင်က လက်ခံရယူသည်။
ထို့နောက် အမက(ခွဲ) နားကော်၊ အမက နားပေါ်နှင့် အမက နောင်တောင်းကျောင်း တည်ဆောက်ရေး အဖွဲ့ဝင်များက “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်း” အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းအဖွဲ့၏ ရန်ပုံငွေကျပ် သိန်း ၃၀၀၀ ကျော် ထောက်ပံ့ကူညီမှုဖြင့် အကောင်အထည်ဖော် ကူညီပါဝင် ဆောင်ရွက်ပေးသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စေတနာအဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကျောင်းဆောင်သစ်သုံးဆောင်နှင့် သင်ထောက်ကူပစ္စည်းများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်
Post Paragraph
Paragraph Images