မုံရွာခရိုင်အတွင်း ၁၀၀ ပေ ဘေလီတံတား ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

မေလ  ၂၈   ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လမ်း/တံတားလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၂၉ ဒသမ ၆၃၇ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ခင်သာကျေးရွာနှင့် ရှောက်ခါးကျေးရွာအား ဆက်သွယ်သည့် ၁၀၀ ပေ ဘေလီတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများအား စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးဝင်းချိုနှင့် တာဝန်ရှိသူများ ယနေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

          အဆိုပါ ဘေလီတံတားမှာ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးခဲ့သဖြင့် အရာတော်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၁၀၁၈ အိမ်၊ လူဦးရေ ၄၂၈၇ ဦးတို့အတွက် များစွာ အကျိုးပြု မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။