မြန်မာနိုင်ငံအနေနဲ့ မည်သို့သော အကြမ်းဖက်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အားပေးကူညီထောက်ပံ့ သူတွေကို ပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်
မောင်တော နိုဝင်ဘာ ၃
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallin နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)သို့ ရောက် ရှိခဲ့ကြသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းမှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida လာရောက်တွေ့ဆုံ
နေပြည်တော် ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida အား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများမှ စာပေပရိယတ္တိသင်ကြားလျှက်ရှိသာ တိုင်းရင်းသား/တိုင်းရင်းသူ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကျောင်းများ ဖြစ်သည့် ကလေးဝတောရ၊ ပိတောက်ရွှေဝါ၊ ရတနာ့ဗိမာန်ကျောင်းများ၌ စာပေပရိယတ္တိသင်ကြား လျက်ရှိသော နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစု (၂၂) စုမှ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ် ယနေ့အထိ လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့သည်မှာ (၂၃) နှစ် ရှိခဲ့ပြီး ဖြစ်ပါသည်။
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား
ရန်ကုန် အောက်တိုဘာ ၂၇
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၏ ၂၀၁၆ ခုနှစ်၊ သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။