မောင်တော အောက်တိုဘာ ၁၉
မောင်တောမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၉ရက် နေ့လည် ၀၂း၅၅ နာရီတွင် မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို နေ့လည် ၀၃း၀၅ နာရီတွင် ရောက်ရှိပြီး သက်ဆိုင်ခရိုင်အဆင့် အရာရှိများကို ခေါ်ဆို တွေ့ဆုံမေးမြန်းခဲ့ပြီး ဆက်လက်၍ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော် ဦးမဏီသာရအား ဖူးမျှော်၍ ဒေသစွန့်ခွာ ရွာသားများကို အားပေး စကားပြောပြီး အမှတ်(၈) စစ်မြေပြင် ဆေးတပ်ရင်း နယ်လှည့် ဆေးကုသရေးအဖွဲ့တို့က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ဒေသစွန့်ခွာသူများ အား ဆေးကုသပေးမှုတို့ကို လိုက်လံကြည့်ရှုပြီး ၀၆း၀၅ နာရီ တွင် မောင်တောမြို့ သာသနာ့ ဗိမာန်တော်ကြီးသို့ သွားရောက် ကာ ဒေသစွန့်ခွာ ရွာသားများကို အားပေးစကား ပြောကြားခဲ့ပြီး ၀၆း၄၅ နာရီတွင် ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။