နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

နိုဝင်ဘာလ ၂၉  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး  သင်တန်းဆင်းပွဲအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာရရှိသူ ကျောင်းသား၊ ကျောင်းသူ ၄၂၈ ဦးတို့အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနအသီးသီးတို့တွင် အလုပ်တာဝန်များ ခန့်အပ်ပေးခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် အကြီးတန်းစာရေး နှင့် အငယ်တန်း အင်ဂျင်နီယာ-၃ ဝန်ထမ်း ၈၃ ဦးတို့အား နိုင်ငံနှင့်ပြည်သူက အားကိုးအားထား ပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ်‌ပေးအပ်သည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် လုပ်ငန်းခွင်အကြိုသင်တန်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့ထိ ရက်သတ္တ ၄ ပတ်ကြာ ဖွင့်လှစ် ခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph