စစ်ကိုင်း ဇူလိုင် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ ၂၀၂၃ ခုနှစ်၊ အသင်းအလိုက် မိုးရာသီအားကစားပြိုင်ပွဲအား ၇.၇.၂၀၂၃ ရက်နေ့မှစ၍ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ် စသည့် အားကစား ၄ မျိုးဖြင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။ အားကစားပြိုင်ပွဲများ၏ ပိတ်ပွဲ အခမ်းအနားအား ၃၁.၇.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသား ဘောလုံးအုပ်စု အမှတ်အများဆုံးရရှိသည့် အသင်း ၂ သင်း ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး အားကစား အမျိုးအစားအလိုက် ဆုရရှိသည့် အသင်းများအား ဆုများ ချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်းသိရသည်။
Post Paragraph
Paragraph Images