ဆောင်းပါးများ
သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ( ၁ )
အစွန်းရောက် ရာသီဥတု
ကမ္ဘာကြီးအနှံ့တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပြင်းထန်သော မုန်တိုင်းကြီးများ နှစ်စဉ် နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိပေသည်။ပင်လယ်ပျော်တို့ဒေသသို့ ဖွံ့ဖြိုးရေးဖြင့်ပွေ့ဖက်ခြင်း
လှလိုက်တဲ့ “တနင်္သာရီ”
ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏တောတောင်များ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းများအမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိ ပါသည်။ စာရေးသူတို့စစ်ကြောင်း ရောက်ရှိနေသောတောင်ထိပ်မှ မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်းအမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့်အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။“ရှေ့ပြေးစီမံကိန်းများ၏ အသီးအပွင့်”
“The purpose of a pilot project is to test whether the new concept is worth pursuing and assess existing implementation strategies.”
“ရှေ့ပြေးစီမံကိန်းဟူသည် အကြီးစားစီမံကိန်းများ ပြုလုပ်နိုင်ရန် အောင်မြင်နိုင်မည့်နည်း လမ်းများရှာဖွေရန်နှင့် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို ဖော်ထုတ်ရန်အတွက် ပုံစံတူလုပ်ငန်းငယ် များကို စတင်စမ်းသပ်ဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုပေသည်။အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များ
“ မကြာခင်မှာ ကျောင်းသား၊ ကျောင်းသူတွေကို စာပေပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ ဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့ အနေနဲ့ ပညာသင်ကြားရေးနယ်ပယ်မှာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့’ ဆိုတဲ့ ဆရာ ကျင့်ဝတ်များနှင့်အညီ အနာဂတ် သားကောင်းရတနာတွေကို မွေးထုတ်ပေးနိုင်မယ့် အာစရိယ ဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြဖို့လိုပါတယ်”