May 2024

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၇
   ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
   အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

standard

ကော့သောင်းမြို့တွင် အိမ်တွင်းမှုသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

ကော့သောင်း မေ ၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခန့်က ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကျင်းပ

   နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများအိမ်တွင်းမှုအသက်မွေး လုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည် အထိလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာနမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(

standard