လဟယ်-လေရှီး မြို့နယ်ချင်းဆက်မြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် ကျောက်ရောမြေအမာခံလမ်း ၁၀ မိုင် ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လဟယ်-လေရှီး မြို့နယ်ချင်းမြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် လဟယ်ဘက်ခြမ်း ကျောက်ရောမြေအမာခံလမ်း ၁၀မိုင်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။