
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လဟယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ဒုတိယ အကြိမ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းမှ သင်တန်းသူများကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ၂၆-၂-၂၀၂၅ ရက်နေ့၊ ၁၃:၀၀နာရီအချိန်၌ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လဟယ်မြို့၊ ခေတ္တမြို့နယ်မှူး ဒုရဲမှူးကျော်ရွှေက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး ၎င်းဆွေးနွေးပွဲသို့ သင်တန်းသူ ၂၅ ဦး၊ ဝန်ထမ်း ၇ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။
Post Paragraph
Paragraph Images


