May 2016

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေလ   ၂၁  ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်မြေခံ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၁၈-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller လာရောက်တွေ့ဆုံ

နေပြည်တော် မေ ၁၉ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Lutheran World Federation မှ ဒေသဌာနေကိုယ်စားလှယ် Mr. David H. Mueller သည် ယနေ့နံနက် (၉:၃၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi လာရောက်တွေ့ဆုံ

နေပြည်တော် မေ ၁၈ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Noriko Takagi မှ ယနေ့နံနက် (၈) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

standard

ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော် မေလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paul R. Seger သည် ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

standard

ရေရှားပါးသည့် ဒေသများတွင် ရေတွင်း၊ရေကန်များ တူးဖေါ်ရေးအတွက် ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှု အခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေလ ၁၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ညနေ (၁၆:၀၀) နာရီချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ မြောက်လွှတ်ကုန်းရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ယာဉ်၊ယန္တရားများထားရှိသည့် သိုလှောင်ရုံသို့ သွားရောက်၍ ရေရှားပါးသည့် ဒေသများတွင် ရေတွင်း၊ ရေကန်များ တူးဖေါ်ရေးအတွက်ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှု အခြေအနေနှင့်  စေလွှတ်မည့် အစီအမံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ပါသည်။

standard