နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ပြည်နယ်အတွင်း သွားရောက်လေ့လာ
နေပြည်တော်၊ စက်တင်ဘာလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး H.E. Mr. Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် (၇-၉-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ဦးခန္တီ မဟာမြတ်မုနိဆုတောင်း ပြည့်ဘုရားကြီး၊ ဆံတော်ရှင် ဦးဇိနစေတီတော်တို့အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။