ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့ သန့်ရှင်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံအားပေး
စစ်တွေ မေ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ စစ်တွေမြို့ သန့်ရှင်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန် ရောက်ရှိနေကြသည့် ပရဟိတအဖွဲ့များကို တွေ့ဆုံအားပေးသည်။