November 2023

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် နိုဝင်ဘာ ၄
    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

standard

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့သို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး

ပုသိမ် နိုဝင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၁၁)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁) ၌ ပြုလုပ်သည်။

standard

အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင် (၂)

ယောယုံ
    စိန်လုံနှင့် ယောယုံသည် ၁၀ မိုင် ဝေးပါသည်။
    စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင်  ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဖက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းအား စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြော ပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများအား ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက် လာသော လေနုအေးအေးအားခံစားရင်း ဤဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတို့၏ အတိတ် ရပ်ဝန်း အောင်ပွဲများကို တွေးတောဖြတ်သန်းမိပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် မိတ်ဆုံ နေ့လယ်စာစားပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ  ၁
    နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများအား ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့်   ၁၂ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် မိတ်ဆုံ နေ့လယ်စာ စားပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

standard