နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လဟယ်- ဟွေထိုက်- ပုံညို နောက်အင်းကြား ၂၀ မိုင်အနက် မြေသားလမ်း ၃ မိုင် အပြီးသတ် ဖောက်လုပ်ခြင်း လုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။