March 2026

မောက်မယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နယ်စပ်‌ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် မောက်မယ်-နမ့်လွတ်-ကဒူးလေးလမ်းပေါ်ရှိ နမ့်ယွန်းချောင်းကူးကွန်ကရစ်တံတားပေ ၁၂၀ (ယာဉ်သွားလမ်းအကျယ် ၁၄ ပေ) တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။

standard

လွိုင်လင်ခရိုင်၌ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လုံစံ-ပြန်ဆာ - ဝမ်ကပ် (ဟိုခဲ) ကျေးရွာချင်း ဆက်လမ်း ၆ မိုင် ၃ ဖာလုံမြေလမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

standard

လွိုင်ကော်မြို့နယ် လွယ်တမူ- ဖားတီမာ ကျေးရွာချင်းဆက်ကျောက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၅၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု လွယ်တမူ- ဖားတီမာ ကျေးရွာချင်းဆက်လမ်း ၁/၅.၅ မိုင်အနက် ၀/၆ မိုင်အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

standard