
ဘိုကလေး ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်၂ နာရီအချိန်က လူငယ်စကားဝိုင်း နှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်း တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးနိုင်းလိန်းဟုန်းတို့က သင်တန်းသား/သူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှုူ၊ လူငယ်နှင့် အတွေးအခေါ်၊ လူငယ်နှင့် အောင်မြင်မှု” စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော သင်တန်းသား/သူ လူငယ်မောင်မယ် များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းအပြီးတွင် အဆိုပါသင်တန်းကျောင်း၏ သင်တန်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “လူငယ်တို့ အနာဂတ်လှပဖို့ စာဖတ်ခြင်း၌ မွေ့လျော်စို့” ခေါင်းစဉ်ဖြင့် စာပေ၏တန်ဖိုး၊ စာပေ၏ ဂုဏ်၊ဒြပ်များအား ဖော်ညွှန်းလမ်းညွှန်ကာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
