ရန်ကုန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာ ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည် ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်ကျောင်းအုပ်ကြီး ဒေါက်တာ မင်းသန့် တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆) မှ သင်တန်းသူ (၁၀၀) ဦး၊ အဆင့်မြင့်စက်ချုပ် နည်းပြသင်တန်း အမှတ်စဉ် (၃၀) နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၉၆၊ ၉၇) သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၂၈) ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံပိုင်ရှင်နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းအင်အား (၇၂) ဦး၊ စုစုပေါင်းအင်အား (၃၀၀) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၂-၁၂-၂၀၁၆) ရက်နေ့မှ (၃၀-၁၂-၂၀၁၆) ရက်နေ့အထိ ရက်သတ္တ (၃) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။