မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
    ဟောပြောပွဲတွင် မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်က တရားဥပဒေအရေးကြီးပုံ၊ ဥပဒေအမျိုး အစားများအကြောင်း၊ ကမ္ဘာကြီးတွင် ဥပဒေအရေးပါမှု၊ ဥပဒေပြုခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ် အကြောင်းတို့ကို အသိပညာပေး ပြောကြားသည်။
    အဆိုပါဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် နည်းပြဆရာမများ၊ သင်တန်းသူများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Post Paragraph