မူဆယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မူဆယ် မေ ၁၃
    နယ်စပ်‌ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မူဆယ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။ 
    အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နန်းစောရင်က သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း၌ ခင်းကျင်း ပြသထားသည့် ထောက်ပံ့ပစ္စည်းများ၊ သင်ကြားမည့်နာမူနာပုံစံများကို ကြည့်ရှုကြပြီး နှစ်ထပ် မော်တာဆောင်တွင် သင်ကြားမည့် သင်တန်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။ 
    အဆိုပါသင်တန်းကျောင်းအနေဖြင့် သင်တန်းများကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ သင်တန်းကြိမ် ၆၀ ဖွင့်လှစ်သင်ကြားပေးရာ သင်တန်းဆင်းပြီးသူပေါင်း ၂၅၀၀ ဝန်းကျင် ရှိကြောင်းနှင့် သင်တန်းမှ စက်ချုပ်ပညာ သင်ခန်းစာ အမျိုး ၃၀၊ လက်မှုပညာ၊ မြန်မာ့မုန့်လုပ်နည်းပညာများကို နေစားစရိတ်ငြိမ်းဖြင့် သင်ကြားပြသပေးခဲ့ကြောင်းသိရသည်။
 

Post Paragraph