မယ်စဲ့မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မယ်စဲ့ ဧပြီ ၃၀

     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုး လှိုင်ဝင်း၊ အင်ဂျင်နီယာတို့နှင့်အတူ ယမန်နေ့က မယ်စဲ့ မြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးသည်။ (ယာပုံ)

     မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နယ်စပ် ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေ ကျပ်၂၂၄ ဒသမ ၃၈၂သန်းဖြင့် ဟိုဂျစ်-တောင်လှအရှည်(၅/၄)မိုင် မြေသားလမ်းဖောက် လုပ်ခြင်း၊ အဆိုပါ လမ်းပေါ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၁၀၈ သန်းဖြင့် ပေ ၅၀ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒသမ ၆၄၃ သန်းဖြင့် ဟိုဂျစ်-ဟိုဖ- လယ်တောမြေသားလမ်းပေါ်တွင် ပေ၄၀ (ဘေလီတစ်လွှာ တစ်ထပ်) တံတားနှစ်စင်း တည်ဆောက်ခြင်း၊ အဆိုပါလမ်းပေါ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈၁ ဒသမ ၃၃၀ ဖြင့် ပေ ၂၀ ကွန်ကရစ်တံတား နှစ်စင်းတည်ဆောက်ခြင်း၊ ခွင့်ပြု ရန်ပုံငွေကျပ် ၁၂၁ ဒသမ ၉၉၉သန်းဖြင့် ဟိုဂျစ်-ဟိုဖ-လယ်တောမြေသားလမ်းပေါ် တွင် ပေ၃၀ တံတားနှစ်စင်းတည်ဆောက်ခြင်း၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၉၄ ဒသမ ၂၅၉သန်းဖြင့် နမ့်မန်းကျေးရွာ အရှည် ပေ ၃၃၀၀၊ အကျယ် ၁၂ ပေ၊ ထု၁၂လက်မကျေးရွာတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၅၆ ဒသမ ၅၅၅ သန်းဖြင့် ဝမ်ကန်ကျေးရွာ အရှည်ပေ ၁၅၀၀ ရွာတွင်းကတ္တရာလမ်းခင်းခြင်းနှင့် ပေ ၅၀ ကွန်ကရစ် ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် ခွင့်ပြု ရန်ပုံငွေကျပ် ၁၆ ဒသမ ၁၈၇သန်းဖြင့် မယ်စဲ့မြို့ပညာရေး ရုံးတန်ဖိုးနည်းအိမ်ရာတစ်လုံးနှင့် အထက(မယ်စဲ့) တန်ဖိုး နည်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်း၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၂၆၄ ဒသမ ၁၃၈ သန်းဖြင့် လမ်းဆုံ-လယ်တော အရှည်(၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည်။ အဆိုပါ လုပ်ငန်းများအားလုံး ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအကြား ပြီးစီးလျက်ရှိပြီး လုပ်ငန်းနှစ်ခုသာ ၂၀ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းခန့်ပြီးစီးနေသဖြင့် လုပ်ငန်း များ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး နှင့် အရည်အသွေးကောင်းမွန်ရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)