နေပြည်တော်၊ မေလ ၈ ရက်
နယ်စပ်ရေးရဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ဂါလံ(၂၀၀၀)ဆံ့ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းလျက်ရှိရာ ၅-၅-၂၀၁၇ ရက်နေ့တွင် နွေရာသီရေရှားပါးသည့် ကျေးရွာများဖြစ်သော ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာအား ရေဂါလံ ၂၀၀၀ ၊ တောင်သာကျေးရွာအား ရေဂါလံ ၆၀၀၀ ၊ ၆-၅-၂၀၁၇ ရက်နေ့တွင် ပုပ္ဗသိရီမြို့နယ် ဖတ်တဲကုန်း ကျေးရွာအား ရေဂါလံ ၂၀၀၀ ၊ လယ်ဝေးမြို့နယ် ကျောင်းကုန်းကျေးရွာအား ရေဂါလံ ၂၀၀၀ ၊ ၇-၅-၂၀၁၇ ရက်နေ့တွင် လယ်ဝေးမြို့နယ် ရွာသစ်ကျေးရွာသို့ ရေဂါလံ ၂၀၀၀ ၊ စုစုပေါင်း ရေဂါလံ ၁၄၀၀၀ အား ရေလှူဒါန်းဖြန့်ဝေပြီး မိုးမကျကာလအထိ ရေရှားပါးကျေးရွာများသို့ ဆက်လက်ရေလှူဒါန်းဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Post Paragraph
Paragraph Images