လဟယ် မေ ၄
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၌ ပေ ၂၆၄၀၀ အရှည်ရှိ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။
မြေသားလမ်းဖောက်လုပ်ခြင်း
လုပ်ငန်းကို ဇန်နဝါရီ ၁ ရက်မှ စတင် ဖောက်လုပ်ခဲ့ရာ အရှည် ပေ ၂၆၄၀၀၊ အကျယ် ၂၃ ပေ ရှိသောလမ်းကို စတုတ္ထအကြိမ် အိန္ဒိယအထောက်အပံ့ရန်ပုံငွေကျပ် ၂၃၅ ဒသမ ၇၁၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ကျေးရွာအသီးသီးရှိလူဦးရေ ၅၅၅၄ ခန့်ကို သွားလာရေးအဆင်ပြေစေမည် ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်