နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)တွင် သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ)တို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း (ဘားအံ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၇)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၆)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၅) သင်တန်း များဖွင့်ပွဲအခမ်းအနားကို   ၈-၁-၂၀၁၈ ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ကျင်းပခဲ့ရာ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးတို့က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး BAJမှ ဌာနေကိုယ်စားလှယ် Ms.Akiko MORIက သင်တန်းဆိုင်ရာများရှင်းလင်း ပြောကြားခဲ့ကြပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ BAJ မှ ဝန်ထမ်းများနှင့် သင်တန်းသားများ စုစုပေါင်းအင်အား(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး  သင်တန်းတွင်  ဆောက်လုပ်ရေးသင်တန်းသား(၂ဝ)ဦး၊ လျှပ်စစ် သင်တန်းသား(၂၀)ဦးနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းသား (၃၀)ဦး၊ ဂဟေသင်တန်းသား (၂၀)ဦး၊ စုစုပေါင်း(၉၀)ဦးဖြင့် ၈-၁-၂၀၁၈ ရက်နေ့မှ ၂၂-၆-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားများ နေထိုင်စားသောက်ရေး၊ သင်တန်းဝတ်စုံ၊ သင်တန်းသုံး ပစ္စည်းများနှင့် ခရီးစရိတ်များအားလုံး အခမဲ့ဖြင့် ဦးစီးဌာနမှ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph