နယ်စပ်ရေးရာဝန်ကြီးဌာနက ဘီးလင်းမြို့ မြင်သာစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဘီးလင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကြီးများရှိ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး လှူဒါန်းလျက်ရှိရာ ဘီးလင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမို့မို့ဖြူနှင့် ဝန်ထမ်းများ သည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့ မြင်သာစာသင်တိုက်ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph