နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း များ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်   မေ  ၆ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၆ ကျောင်းတို့တွင် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေးရည် ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းတို့အား ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ သည်။
    ထိုသို့ ဖွင့်လှစ်ရာ၌ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လားရှိုးမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်း ကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ မြိုင်ကြီးငူမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ မြိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ တာချီလိတ်မြို့ အိမ် တွင်းမှုသင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ကွန်ဟိန်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေချ စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး အောင်ကိုနိုင်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်း ကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူး များနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါ သင်တန်းကျောင်း ၁၆ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၅၀ ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ၅ ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ ၅ ဦး၊ ဟိုတယ်ဝန် ဆောင်မှုဆိုင်ရာသင်တန်းသူ ၄၀ ဦး၊ သင်တန်းသူ စုစုပေါင်း ၅၀၀ ဦး တက်ရောက်၍  ၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့ မှ အောက်တိုဘာ ၄ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၆၃၇၆ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph